[Zawgyi]

၂၀၁၈ FIFA The Best ဆုကုိ ဘယ္သူရသြားမလဲ

၂၀၁၈ ခုႏွစ္အတြက္ FIFA ကမၻာ႔အေကာင္းဆုံး ေဘာလုံးသမားဆုျဖစ္တဲ့ FIFA The Best ဆုေပးပဲြ အခမ္းအနားကုိ လန္ဒန္ၿမိဳ႕မွာ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာစံေတာ္ခ်ိန္ တနလၤာည (၁၂)နာရီမွာ က်င္းပမွာ ျဖစ္ပါတယ္။ ဒီဆုဟာ ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားတိုင္းရဲ႕ အိပ္မက္ျဖစ္တဲ့ ကမၻာ႔အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံရဖုိ႔အတြက္ ေမွ်ာ္လင့္ခ်က္ပါပဲ။ ဒီႏွစ္ FIFA The Best အမ်ိဳးသားဆုရဲ႕ ဆန္ခါတင္စာရင္းမွာေတာ့ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဆာလာ Salah ၊ မုိဒရစ္ Modric တို႔ ပါ၀င္ခဲ့ၿပီး ဘယ္သူ ဆုရရွိမလဲဆုိတာ ေစာင့္ၾကည့္ရင္ခုန္ရမွာပါ။ ဆုေပးပဲြမတိုင္ခင္ ဆန္ခါတင္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . . . .

စီေရာ္နယ္လ္ဒုိ (ရီးယဲလ္/ဂ်ဴဗင္တပ္စ္)

Cristiano-Ronaldo

Cristiano-Ronaldo

အသက္(၃၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒုိဟာ FIFA The Best ဆုကုိ (၂)ႏွစ္ဆက္ ဆြတ္ခူးခဲ့ၿပီး ဒီႏွစ္မွာလည္း ရရွိဖုိ႔ ေရပန္းစားေနတယ္။ စီေရာ္နယ္လ္ဒုိဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ေပၚတူဂီအသင္းကုိ ႐ႈံးထြက္(၁၆)သင္းအဆင့္ ေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးခဲ့သလုိ ရီးယဲလ္အသငး္နဲ႔လည္း ခ်န္ပီယံလိဂ္ဖလား ရယူခဲ့တယ္။ ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းအတြက္ ၿပိဳင္ပဲြစုံ (၄၄)ဂုိးသြင္းယူခဲ့ၿပီး ဒီရာသီမွာလည္း အသင္းသစ္ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေျခစြမ္းျပ ဂုိးေတြ သြင္းေနသူလည္းျဖစ္ပါတယ္။

မုိဒရစ္ (ရီးယဲလ္)

Modric

Modric

FIFA The Best ဆုကုိ ရရွိဖုိ႔ စီေရာ္နယ္လ္ဒုိနဲ႔အၿပိဳင္ ေရပန္းစားေနသူပါ။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ခ႐ုိေအးရွားအသင္းကုိ သမုိင္း၀င္အျဖစ္ ဗုိလ္လုပဲြေရာက္ရွိေအာင္ ပုိ႔ေဆာင္ခဲ့သလုိ ရီးယဲလ္အသင္းနဲ႔လည္း ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခဲ့တယ္။ မုိဒရစ္ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးကစားသမား (ေရႊေဘာလုံး)ဆု၊ ၂၀၁၈ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုေတြကုိ ဆြတ္ခူးခဲ့တယ္။

ဆာလာ (လီဗာပူးလ္)

Salah

Salah

‘အီဂ်စ္ မက္ဆီ’လုိ႔ တင္စားခံထားရတဲ့ ဆာလာဟာ ဆုရရွိဖုိ႔ ေရပန္းစားတဲ့စာရင္းမွာ စီေရာ္နယ္လ္ဒုိ၊ မက္ဆီတို႔ရဲ႕ေနာက္မွာသာ ရွိေနပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီက ဆာလာရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကုိ ၾကည့္ရင္ အားရစရာပါပဲ။ ပရီးမီးယားလိဂ္မွာ (၃၂)ဂုိးသြင္းယူခဲ့ၿပီး ေရႊဖိနပ္ဆု ရခဲ့သလုိ တစ္ဦးခ်င္း စံခ်ိန္မွတ္တမ္းေကာင္းေတြကုိလည္း ရယူႏုိင္ခဲ့တယ္။

FIFA-The-Best-Award

FIFA-The-Best-Award

ဒီႏွစ္ FIFA The Best ဆု ဆန္ခါတင္စာရငး္မွာ အာဂ်င္တီးနား နာမည္ႀကီးတိုက္စစ္မွဴး မက္ဆီ Messi ၂၀၀၆ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္ မပါ၀င္ခဲ့တာ၊ ကမၻာ႔ဖလားခ်န္ပီယံ ျပင္သစ္အသင္းတိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann ခ်န္လွပ္ခံခ့ဲရတ့ဲအတြက္ ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့ေပမယ့္လည္း ဒီဆန္ခါတင္ (၃)ဦးမွာ ပါ၀င္ခဲ့သူေတြကလည္း ထုိက္ထုိက္တန္တန္ ေရြးခ်ယ္ခံခဲ့ရတာပါ။ FIFA The Best အမ်ိဳးသား အေကာင္းဆုံးဆုအတြက္ ေဘာလုံးပရိသတ္ေတြ၊ ဂ်ာနယ္လစ္ေတြ၊ လက္ေရြးစင္အသင္းေခါင္းေဆာင္နဲ႔ နည္းျပေတြက မဲေပးၾကမွာျဖစ္ၿပီး ဒီဆုနဲ႔အတူ အမ်ိဳးသမီး အေကာင္းဆုံးေဘာလုံးသမားဆု၊ FIFA Puskas ဆု ၊ အေကာင္းဆုံးနည္းျပ (အမ်ိဳးသား/အမ်ိဳးသမီး)ဆု၊ Fifpro World XI စာရင္းေတြကုိပါ ထုတ္ျပန္ေၾကညာသြားမွာျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ .. FIFA The Best ဆုကုိ ဘယ္သူ ရသြားမလဲဆုိတာ ကုိယ့္အျမင္ေတြကုိ ေျပာျပခဲ့ပါလား . .

REF:BBC
Photo:Getty Images,Twitter,Inquirer Sports,Aston football
Naing Linn(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ FIFA The Best ဆုကို ဘယ်သူရသွားမလဲ

၂၀၁၈ ခုနှစ်အတွက် FIFA ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ FIFA The Best ဆုပေးပွဲ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာစံတော်ချိန် တနင်္လာည (၁၂)နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဆုဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရဖို့အတွက် မျှော်လင့်ချက်ပါပဲ။ဒီနှစ် FIFA The Best အမျိုးသားဆုရဲ့ ဆန်ခါတင်စာရင်းမှာတော့ စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဆာလာ Salah ၊ မိုဒရစ် Modric တို့ ပါဝင်ခဲ့ပြီး ဘယ်သူ ဆုရရှိမလဲဆိုတာ စောင့်ကြည့်ရင်ခုန်ရမှာပါ။ ဆုပေးပွဲမတိုင်ခင် ဆန်ခါတင် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . . . .

စီရော်နယ်လ်ဒို (ရီးယဲလ်/ဂျူဗင်တပ်စ်)

Cristiano-Ronaldo

Cristiano-Ronaldo

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ FIFA The Best ဆုကို (၂)နှစ်ဆက် ဆွတ်ခူးခဲ့ပြီး ဒီနှစ်မှာလည်း ရရှိဖို့ ရေပန်းစားနေတယ်။ စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ရှုံးထွက်(၁၆)သင်းအဆင့် ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့သလို ရီးယဲလ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား ရယူခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၄၄)ဂိုးသွင်းယူခဲ့ပြီး ဒီရာသီမှာလည်း အသင်းသစ် ဂျူဗင်တပ်စ်အသင်းအတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းနေသူလည်းဖြစ်ပါတယ်။

မိုဒရစ် (ရီးယဲလ်)

Modric

Modric

FIFA The Best ဆုကို ရရှိဖို့ စီရော်နယ်လ်ဒိုနဲ့အပြိုင် ရေပန်းစားနေသူပါ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားအသင်းကို သမိုင်းဝင်အဖြစ် ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ခဲ့သလို ရီးယဲလ်အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့တယ်။ မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား (ရွှေဘောလုံး)ဆု၊ ၂၀၁၈ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုတွေကို ဆွတ်ခူးခဲ့တယ်။

ဆာလာ (လီဗာပူးလ်)

Salah

Salah

‘အီဂျစ် မက်ဆီ’လို့ တင်စားခံထားရတဲ့ ဆာလာဟာ ဆုရရှိဖို့ ရေပန်းစားတဲ့စာရင်းမှာ စီရော်နယ်လ်ဒို၊ မက်ဆီတို့ရဲ့နောက်မှာသာ ရှိနေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက ဆာလာရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင် အားရစရာပါပဲ။ ပရီးမီးယားလိဂ်မှာ (၃၂)ဂိုးသွင်းယူခဲ့ပြီး ရွှေဖိနပ်ဆု ရခဲ့သလို တစ်ဦးချင်း စံချိန်မှတ်တမ်းကောင်းတွေကိုလည်း ရယူနိုင်ခဲ့တယ်။

FIFA-The-Best-Award

FIFA-The-Best-Award

ဒီနှစ် FIFA The Best ဆု ဆန်ခါတင်စာရင်းမှာ အာဂျင်တီးနား နာမည်ကြီးတိုက်စစ်မှူး မက်ဆီ Messi ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မပါဝင်ခဲ့တာ၊ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann ချန်လှပ်ခံခဲ့ရတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒီဆန်ခါတင် (၃)ဦးမှာ ပါဝင်ခဲ့သူတွေကလည်း ထိုက်ထိုက်တန်တန် ရွေးချယ်ခံခဲ့ရတာပါ။ FIFA The Best အမျိုးသား အကောင်းဆုံးဆုအတွက် ဘောလုံးပရိသတ်တွေ၊ ဂျာနယ်လစ်တွေ၊ လက်ရွေးစင်အသင်းခေါင်းဆောင်နဲ့ နည်းပြတွေက မဲပေးကြမှာဖြစ်ပြီး ဒီဆုနဲ့အတူ အမျိုးသမီး အကောင်းဆုံးဘောလုံးသမားဆု၊ FIFA Puskas ဆု ၊ အကောင်းဆုံးနည်းပြ (အမျိုးသား/အမျိုးသမီး)ဆု၊ Fifpro World XI စာရင်းတွေကိုပါ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ .. FIFA The Best ဆုကို ဘယ်သူ ရသွားမလဲဆိုတာ ကိုယ့်အမြင်တွေကို ပြောပြခဲ့ပါလား . .

REF:BBC
Photo:Getty Images,Twitter,Inquirer Sports,Aston football
Naing Linn(Akhayar)
www.akhayar.com

The post ၂၀၁၈ FIFA The Best ဆုကုိ ဘယ္သူရသြားမလဲ appeared first on Myanmar Lifestyle, Tech Review, Food Review.