ယူႏုိ္က္တက္အသင္းရဲ႕ ဂႏၱဝင္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က နည္းျပဆုိးလ္ရွားအေနနဲ႔ လက္ရွိအသင္းကို အစိတ္စိတ္အျမြျမႊာ ၿဖိဳခြဲၿပီး အသစ္ကျပန္တည္ေဆာက္ရမွာျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။ မေန႔က ကစားခ့ဲတ့ဲ တန္းဆင္းၿပီးသားအသင္းတစ္သင္းျဖစ္တ့ဲ ဟက္ဒါဖီးလ္အသင္းနဲ႔ အေဝးကြင္းပဲြစဥ္မွာ ယူႏိုက္တက္အသင္းဟာ ပြဲအစ (၈) မိနစ္မွာ ရရွိတ့ဲ တြမ္မီေနးရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏုိင္ခ့ဲေပမယ့္ ဒုတိယပိုင္းမွာေတာ့ ေခ်ပဂိုးျပန္ေပးခ့ဲရကာ ပြဲအၿပီးမွာ တစ္ဖက္ တစ္ဂိုးစီ နဲ႔ သေရက်ခ့ဲပါတယ္။

ဒီရလဒ္ေၾကာင့္ ယူႏုိက္တက္အသင္းဟာ လက္က်န္ပဲြစဥ္ တစ္ပြဲ က်န္ရွိေနခ်ိန္မွာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ နဲ႔ လဲြေခ်ာ္ဖုိ႔ ေသခ်ာသြားခ့ဲၿပီျဖစ္ၿပီး အဆုိပါပဲြအၿပီးမွာေတာ့ ဂယ္ရီနဗီးလ္က အခုလုိပဲ ဖြင့္ဟေျပာၾကားလာတာလည္း ျဖစ္ပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး ဂယ္ရီနဗီးလ္က “နည္းျပတစ္ေယာက္အေနနဲ႔ ကိုယ့္အသင္းကုိ သေဘာက်ခ်င္မွာပါ။ ကြ်န္ေတာ္ ဆုိးလ္ရွားကို ျမင္လိုက္တ့ဲ အခ်ိန္မွာ သူက ဒီအသင္းကစားပုံကို ၾကည့္ၿပီး အရမ္း စိတ္ဓာတ္က်ေနတ့ဲ ပုံစံေပါက္ေနလား ကြ်န္ေတာ္ မေျပာတတ္ပါဘူး။”

“ဒါက အသင္းတစ္သင္းရဲ႕ ပုံစံမဟုတ္ပါဘူး။ စပါးအသင္းက ကာဘူးလ္၊ အဒီဘာေယာ၊ ကာပုိးတုိ႔လို တစ္ဦးတစ္ေယာက္ခ်င္း ကစားသမားေတြနဲ႔ အသင္းလိုက္ စိတ္ဓာတ္မရွိတ့ဲ ကစားသမားေတြကို ပိုခ်က္တီႏုိတစ္ေယာက္ အစအဆံုး ျပန္ၿပီး ျပင္ဆင္ခ့ဲတာကို ကြ်န္ေတာ္ ေကာင္းေကာင္းမွတ္မိပါတယ္။ ဆုိးလ္ရွားလည္း ပုိခ်က္တီႏိုလို လုပ္ဖုိ႔ လိုအပ္ပါတယ္။ တကယ္လို႔ ကလပ္အသင္းကသာ ဆုိးလ္ရွားကို ကူညီဖုိ႔ အားကစားဒါရိုက္တာတစ္ေယာက္ ေခၚယူေပးမယ္ဆုိရင္ ပိုေကာင္းမွာပါ။” ဟု ဖြင့္ဟေျပာၾကားသြားခ့ဲပါတယ္။

ဟက္ဒါဖီးလ္အသင္းနဲ႔ ကစားခ့ဲတ့ဲပဲြစဥ္ရဲ႕ ဒုတိယပိုင္းမွာ ဆုိးလ္ရွားက အသက္ (၁၉) ႏွစ္အရြယ္ တာဟစ္ေခ်ာင္နဲ႔ အသက္ (၂၀) အရြယ္ ဒါေလာ့တုိ႔ကို လူစားဝင္ကစားေစခ့ဲၿပီး ဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း ဂယ္ရီနဗီးလ္က “အုိလီ (ဆုိးလ္ရွား) က နာမည္ႀကီး ကစားသမားေတြဆီက လုပ္ေဆာင္ႏုိင္စြမ္းအေပၚ အရံႈးေပးလုိက္ၿပီထင္ပါတယ္။ သူ႕စိတ္ထဲမွာ ကေလးေတြကို အခြင့္အေရးေပးတာကမွ ပိုေကာင္းမယ္လုိ႔ ေတြးေနမွာပါ။” ဟုလည္း ထပ္ေလာင္း ေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။ ယူႏုိက္တက္အသင္းဟာ ၿပိဳင္ပြဲစံုေနာက္ဆံုး (၅) ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆံုးခ့ဲတာျဖစ္ၿပီး (၃) ပြဲက ရံႈးပြဲႀကံဳေတြ႔ခ့ဲရျခင္းျဖစ္ကာ လာမယ့္တစ္ပတ္မွာေတာ့ ရာသီပိတ္ပြဲစဥ္အျဖစ္ ေနာက္ထပ္ တန္းဆင္းၿပီးသား အသင္းတစ္သင္းျဖစ္တ့ဲ ကာဒစ္ဖ္အသင္းကုိ အိမ္ကြင္းမွာ ရင္ဆုိင္ကစားသြားရမွာလည္း ျဖစ္ပါတယ္။

Unicode

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က နည်းပြဆိုးလ်ရှားအနေနဲ့ လက်ရှိအသင်းကို အစိတ်စိတ်အမြွမြွှာ ဖြိုခွဲပြီး အသစ်ကပြန်တည်ဆောက်ရမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ တန်းဆင်းပြီးသားအသင်းတစ်သင်းဖြစ်တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပွဲအစ (၈) မိနစ်မှာ ရရှိတဲ့ တွမ်မီနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ချေပဂိုးပြန်ပေးခဲ့ရကာ ပွဲအပြီးမှာ တစ်ဖက် တစ်ဂိုးစီ နဲ့ သရေကျခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ လက်ကျန်ပွဲစဉ် တစ်ပွဲ ကျန်ရှိနေချိန်မှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် နဲ့ လွဲချော်ဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး အဆိုပါပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က အခုလိုပဲ ဖွင့်ဟပြောကြားလာတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂယ်ရီနဗီးလ်က “နည်းပြတစ်ယောက်အနေနဲ့ ကိုယ့်အသင်းကို သဘောကျချင်မှာပါ။ ကျွန်တော် ဆိုးလ်ရှားကို မြင်လိုက်တဲ့ အချိန်မှာ သူက ဒီအသင်းကစားပုံကို ကြည့်ပြီး အရမ်း စိတ်ဓာတ်ကျနေတဲ့ ပုံစံပေါက်နေလား ကျွန်တော် မပြောတတ်ပါဘူး။”

“ဒါက အသင်းတစ်သင်းရဲ့ ပုံစံမဟုတ်ပါဘူး။ စပါးအသင်းက ကာဘူးလ်၊ အဒီဘာယော၊ ကာပိုးတို့လို တစ်ဦးတစ်ယောက်ချင်း ကစားသမားတွေနဲ့ အသင်းလိုက် စိတ်ဓာတ်မရှိတဲ့ ကစားသမားတွေကို ပိုချက်တီနိုတစ်ယောက် အစအဆုံး ပြန်ပြီး ပြင်ဆင်ခဲ့တာကို ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ ဆိုးလ်ရှားလည်း ပိုချက်တီနိုလို လုပ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကလပ်အသင်းကသာ ဆိုးလ်ရှားကို ကူညီဖို့ အားကစားဒါရိုက်တာတစ်ယောက် ခေါ်ယူပေးမယ်ဆိုရင် ပိုကောင်းမှာပါ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဟက်ဒါဖီးလ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဆိုးလ်ရှားက အသက် (၁၉) နှစ်အရွယ် တာဟစ်ချောင်နဲ့ အသက် (၂၀) အရွယ် ဒါလော့တို့ကို လူစားဝင်ကစားစေခဲ့ပြီး ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဂယ်ရီနဗီးလ်က “အိုလီ (ဆိုးလ်ရှား) က နာမည်ကြီး ကစားသမားတွေဆီက လုပ်ဆောင်နိုင်စွမ်းအပေါ် အရှုံးပေးလိုက်ပြီထင်ပါတယ်။ သူ့စိတ်ထဲမှာ ကလေးတွေကို အခွင့်အရေးပေးတာကမှ ပိုကောင်းမယ်လို့ တွေးနေမှာပါ။” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၅) ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး (၃) ပွဲက ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ လာမယ့်တစ်ပတ်မှာတော့ ရာသီပိတ်ပွဲစဉ်အဖြစ် နောက်ထပ် တန်းဆင်းပြီးသား အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ်အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားသွားရမှာလည်း ဖြစ်ပါတယ်။