ကျွန်တော်အနေနဲ့ အသင်းမှာရှိတဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေကို ယုံကြည်ချက်ရှိသလို့ သူတို့လည်း ထို အတူပါပဲ ၊ တကယ်ဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ ရလဒ်တွေကို ကျွန်တော်တို့အနေနဲ့ ပျော်ရွင်မှုမရှိပါဘူး ဒါပေမဲ့ အသင်းဖော်တွေနဲ့အတူတူ စွမ်းဆောင်ရည်ကောင်းတွေနဲ့စိန်ခေါ်မှုတွေကို အကောင်းဆုံးဖြတ်သန်းမှာပါ ပရီးမီးယားလိဂ် မှာလည်း လက်ကျန်တစ်ပွဲသာ ကျန်တော့တဲ့ အနေအထားမှာ ကျွန်တော်တို့အကောင်းဆုံးကျော်ဖြတ်မှာဖြစ်သလို့ ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်း အန်ဖီးလ် မှာ အခွင့်အရေးဖန်တီးခွင့်ရှိနေပါသေးတယ်
unicode
ဒီရာသီမှာ လီဗာပူးအသင်းအနေနဲ့ ဆုဖလား တစ်ခုခု ရရှိဖို့ထိုက်တန်တယ်လို့ဆိုလိုက်တဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်
လီဗာပူး အသင်းရဲ့အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် အနေနဲ့ လီဗာပူးဟာ ဒီနှစ်ရာသီမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆုဖလား တစ်ခုခုနဲ့ထိုက်တန်တယ်လို့ဆိုလိုက်ပါတယ်။
လီဗာပူးအသင်းအနေနဲ့ လက်ရှိရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားခဲ့ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကိုတက်ရောက်နိုင်ခဲ့သလို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့် ၁ နေ့မှာ ရပ်တည်နေပါတယ်။ လီဗာပူးအသင်းအနေနဲ့ ဒီရာသီတစ်လျောက် ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် အဓိက ပြိုင်ပွဲကြီး ၂ ခု မှာ ဗိုလ်စွဲဖို့ အနီးစပ်ဆုံးအနေအထားရှိနေသော်လည်း ပရီမီးယားလိဂ် အမှတ်ပေးဖလားမှာ မန်စီးတီး ထက် တစ်ပွဲပို ကစားထားပြီး ၂ မှတ်သာဖြတ်ထားတဲ့ အနေအထားကြောင့် ဗိုလ်စွဲဖို့ မသေချာမရေရာတဲ့ အနေအထားမျိူးဖြစ်နေသလို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း ဘာစီလိုနာအသင်းကို ၃ ဂိုးပြတ် ရူံးနိမ့်ထားတာကြောင့် နောက်တဆင့်တက်ဖို့ အရေးေ၀ဝါး နေပါတယ်။ သို့သော်လည်း အသင်းခေါင်းဆောင် ဟန်ဒါဆန် က ဒီနှစ်ရာသီလုံး ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆုဖလား တစ်ခုခု နဲ့ထိုက်တန်တယ်လို့ဆိုပါတယ်။
“ အပတ်တိုင်းကတော့ တကယ် အရေးကြီးတဲ့ ပွဲစဉ်တွေနဲ့ ဖြတ်သန်းနေရတာပါပဲ ၊ ကျွန်တော်တို့ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လက်ရှိအချိန်မှာ အဓိကပြိုင်ပွဲကြီး ၂ ရပ် လမ်းကြောင်းမှာ ရပ်တည်နေနိုင်ခဲ့သလို့ ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့ ဘယ်သူမှာ ကြိုမသိနိုင်ပါဘူး
ကျွန်တော်အနေနဲ့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့ အာရုံစိုက်နေတာဖြစ်ပြီး ဒီတစ်ရာသီလုံး ဘာတွေလုပ်ပြနိုင်ခဲ့လဲဆိုတာ အားလုံးတွေ့ကြမှာပါ ရှေ့ဆက်ပြီးတော့လည်း နောက်ဆုံးမိနစ်တွေအထိ တိုက်ပွဲဝင်နေဦးမှာပါ
ကျွန်တော်အနေနဲ့ အသင်းမှာရှိတဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေကို ယုံကြည်ချက်ရှိသလို့ သူတို့လည်း ထို အတူပါပဲ ၊ တကယ်ဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ ရလဒ်တွေကို ကျွန်တော်တို့အနေနဲ့ ပျော်ရွင်မှုမရှိပါဘူး ဒါပေမဲ့ အသင်းဖော်တွေနဲ့အတူူတူ စွမ်းဆောင်ရည်ကောင်းတွေနဲ့စိန်ခေါ်မှုတွေကို အကောင်းဆုံးဖြတ်သန်းမှာပါ ပရီးမီးယားလိဂ် မှာလည်း လက်ကျန်တစ်ပွဲသာ ကျန်တော့တဲ့ အနေအထားမှာ ကျွန်တော်တို့အကောင်းဆုံးကျော်ဖြတ်မှာဖြစ်သလို့ ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်း အန်ဖီးလ် မှာ အခွင့်အရေးဖန်တီးခွင့်ရှိနေပါသေးတယ်
ကျွန်တော်အနေနဲ့ အန်ဖီးလ် မှာအကောင်းဆုံး ရလဒ်ရရှိအောင် စွမ်းဆောင်ရည်ကောင်းတွေပြသသွားမှာဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်အောင်ကြိုးစားသွားမှာပါ ၊ ဒီနှစ်ရာသီ ကျွန်တော်တို့အနေနဲ့ အဓိက ဆုဖလား တစ်လုံး ရရှိဖို့ထိုက်တန်ပါတယ် “ လို့ဆိုပါတယ်။
လီဗာပူးအသင်းအနေနဲ့ ပရီမီးယားလိဂ်ပွဲစဉ်အဖြစ် ဝှဗ် အသင်းကို လာမဲ့ တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပြီး အဲ့ပွဲမတိုင်ခင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘာစီလိုနာအသင်း ကို အိမ်ကွင်း အန်ဖီးလ် မှာ လက်ခံ ကစားရမှာဖြစ်ပါတယ်။